သတင်းများ

နတ်မောက်မြို့၌ ကျောင်းသား/သူ များအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦး စီးဌာနတို့ ပူပေါင်း၍ ယနေ့နံနက် ၁၁နာရီအချိန်က နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမတွင် ကျောင်းသား/သူ များအားလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့မှစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
မန္တလေတိုင်းဒေသကြီး ညောင်ဦးခရိုင် အထက်တန်း၊ အလယ်တန်းကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့်စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တများတိုးတက် မြင့်မားလာစေရေးအတွက်  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီ အချိန်က ညောင်ဦးမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပခဲ့သည်။
ဌာနဆိုင်ရာရုံးအဆောင်အဦများတွင် မီးဘေးလုံခြုံရေးနှင့်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောင်အဦများနှင့် အလုပ်ရုံများတွင် မီးဘေးကြိုတင်တား ဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ကို၊ ယနေ့ နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်လင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ယနေ့နံနက် ၇ နာရီ ခန့်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်နှင့်အညီ လစဉ်ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုဦး၏ လမ်းညွှန်မှုဖြင့် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်မျိုးဌေးကဦးဆောင်ကာ ယမန်နေ့ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
နမ့်စန် အထကတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တွင် အသိ ပညာပေးဟောပြောပွဲကျင်းပ
Mar 21,2022
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌနနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရွာသစ်ကြီး)တို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို မတ်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။