စဉ့်ကိုင်မြို့နယ်၌ မြို့နယ်ခန်းမ ဆောက်လုပ်နေမှု (၉၀)ရာခိုင်နှုန်းပြီးစီး

စဉ့်ကိုင် မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  မြသီတာပန်းခြံ၀င်းအတွင်းရှိ သတ်မှတ်ထားသော ခန်းမမြေနေရာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးထောက်ပံ့ ရန်ပုံငွေဖြင့်  မြို့နယ်ခန်းမဆောက်လုပ်နေမှုအား ယမန်နေ့ မွန်းလွဲ(၃)နာရီက အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ရာ အဆောက်အဦမှာ (၉၀)ရာခိုင်နှုန်းအထိ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်နှင့် ကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးလှ၀င်းနှင့် ၀န်ထမ်းများ၊ မြို့နယ်ခန်းမ အရည်အသွေး   စစ်ဆေးရေးနှင့်  လက်ခံရေးအဖွဲ့တို့က မြို့နယ်ခန်းမအား  အရည်အသွေးပြည့်မီရေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ သတ်မှတ်ထားသည့်ကာလအတွင်း အမြန်ပြီးစီးရေးဆောင်ရွက်သွားရန် တာ၀န်ရှိသူများက လိုအပ်သည်များကို  " အိုင် "  မန္တလေးကုမ္ပဏီ တာ၀န်ခံ  အင်ဂျင်နီယာ ဦးမင်းကိုကိုနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် ခန်းမသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးထောက်ပံ့ ရန်ပုံငွေ သိန်း(၂၄၅၀)ဖြင့် အကုန်အကျခံ ဆောက်လုပ်လျက်ရှိပြီး (ပထမမီနီဘတ်ဂျက်)ဖြစ်သော၂၀၂၁-၂၀၂၂ အဆောက်အဦမှာ(Steel Structure)အမျိုးအစားဖြစ်ပြီး အလျား(၁၂၀) ပေ၊ အနံ(၆၈)ပေ၊ အမြင့်(၁၈)ပေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ယခုပြီးစီးမှုမှာ (၉၀)ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ် စည်ပင်အမှုဆောင်အရာရှိ  ဦးလှ၀င်းထံက သိရသည်။

၀င်း၀င်းသန်း  (စဉ့်ကိုင်)