သတင်းများ

မြဝတီမြို့၌ Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါအလေးချိန်နှင့် မြေပြင်တွေ့ရှိမှုအလေးချိန်ကွာခြားမှု ရှိမရှိစစ်ဆေး
May 05,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချလျက်ရှိသည့် Paris ဆပ်ပြာခဲ များတွင် ကုန်အညွှန်းအမှတ်အသားပါအလေးချိန်နှင့် မြေပြင်တွေ့ရှိမှုအလေးချိန်ကွာခြားမှု ရှိမရှိစစ်ဆေး လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ဖိုင်ဘာလှေနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
May 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျရောက် လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ MERCY COPES MYANMAR အဖွဲ့မှ ဖိုင်ဘာလှေနှင့်အခြားဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး အဆိုပါပစ္စည်းများကို  ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျေးရွာများအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) နှင့် (Cash For Work) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ
May 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် (Cash For Work) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၄၀၀၀၀)ပျိုးထောင်ထားရှိ
May 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၄၀၀၀၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ၂၀၂၂ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာ ကျောင်းတိုက်ဓမ္မာရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွါးစေရန် ပါ ဠိပထမပြန်( ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်ကကျင်းပသည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုပြုဌာန(Community Centre)ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပ
May 05,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်လူထုအခြေပြုဗဟိုပြုဌာန(Community Centre)တွင် နွေရာသီကျောင်းပိတ်ရက်ကလေးငယ်များအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကြိုရေလောင်းသစ်ပင်စိုက်ပျိုးခြင်း စိုက်ပင်(၃၀၀၀) စိုက်ပျိုး
May 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မိုးကြိုရေလောင်းသစ်ပင်စိုက်ပျိုးခြင်းအား ယမန်နေ့နံနက် ၇နာရီအချိန်က စိုက်ပင်(၃၀၀၀) စိုက်ပျိုးခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ ဦးဥက္ကာကိုကို (ဦးစီးအရာရှိ)ထံက သိရသည်။