လှိုင်းဘွဲ မေ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျရောက် လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ Mercy Copes Myanmar အဖွဲ့မှ ဖိုင်ဘာလှေနှင့်အခြားဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး အဆိုပါပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျေးရွာများအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျွန်းမှီး၊ ကော့စိန်၊ အလန်းကြီး၊ ရွာသာအေး၊ တခွက်ဖိုး၊ တနင်းဖလုံး၊ လှိုင်းနွဲ့၊ လမ်းပခေး၊ ပိန္နဲတော၊ ကမ်းနီ ကျေးရွာ(၁၀)ရွာအတွက် မိုးရာသီတွင် ရေးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် ကျေးရွာတစ်ရွာလျှင် အလျား(၁၂ပေ၊ ၃လက်မ)၊ အနံ (၄ပေ၊၂လက်မ) အရွယ်ရှိ ဖိုင်ဘာလှေ(၁)စီး၊ ကလေး/လူကြီးအသက်ကယ် အင်္ကျီ၊ ဖိုင်ဘာဦးထုပ်၊ ဆိုလာ၊ ဓါတ်မီး၊ ရေသန့်စက်၊ လှော်တက်၊ Acid ဘူး၊ ထမ်းစင်၊ ဘောကွင်း အခြားသောဆက်စပ်ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးကြပ်၍ ကျေးရွာများအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)