သတင်းများ

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်
May 05,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက် လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်အတွင်းရှိ ပြည်သူသုံးထောင်ကျော်အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံ
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက တာမွေမြို့နယ် ကျိုက္ကဆံ လမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူ(၃၇၃၇)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
May 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို  ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှု လုပ်ငန်းများကို    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘောဂလိမြို့ရုံးဝန်ထမ်းများက  နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် နွေရာသီ အခြေခံတိုက်ကွမ်ဒို အားကစားသင်တန်းဆင်းပွဲကျင်းပ
May 05,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့အတွင်းရှိ လူငယ်လူရွယ်များ ကျန်း မာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နွေရာသီ အခြေခံ တိုက်ကွမ်ဒိုအားကစားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီက သင်တန်းဆင်းပွဲကျင်းပခဲ့သည်။
  တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
May 05,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်ကစတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသောအားဖြင့် သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ဆပ်ကပ်လှူဒါန်း
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ သံဃာတော်များကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်
May 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) ကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။