သတင်းများ

ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့် ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက်
May 05,2022
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်၌ ယနေ့ နံနက်ပိုင်းက ‌အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်း၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးရန် သတ်မှတ်ရက် ပြည့်သူများအား ကာကွယ်‌ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းနှင့် အသက်(၄၀)နှစ်နှင့်အထက် ဒေသခံပြည်သူများကို (Booster Dose) ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
May 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်ကျောင်းခန်းမတွင် ကျင်းပသော ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကျော် က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ခေတ်မီစေရေး တို့အတွက် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ နိုင်ငံအလိုက်အခြေခံပညာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရည်အသွေး များပြည့်ဝရေးနှင့် ပညာရှင်အဖြစ် ဆက်လက်လေ့လာ ဆည်းပူးတက်လှမ်းနိုင်မည့် ပညာအခြေခံတို့ကိုရရှိစေရန် အဓိကမျှော်မှန်း ဆောင်ရွက် လျက်ရှိရာ ပညာရေးစီမံခန့်ခွဲသူတို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိပါကြောင်း၊ မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့်အညီ အစဉ်လေ့လာသင်ယူနေသော ပညာရေး အဖွဲ့အစည်းဝင်များ ဖြစ်လာမှသာလျှင် နောင်လာမည့် အနာဂတ်တွင် မြန်မာ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပညာရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်းနှင့် အခြေခံပညာဆိုင်ရာ အခြေခံမူများကိုလည်း အောင်မြင်ရန် အကောင်အထည်ဖော်ရာမှာ ပညာရေးစီမံခန့်ခွဲသူများမှ အထူးကြိုးစား၍ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အုတ်တွင်းမြို့နယ်၌ လူထုအခြေပြု ဗဟိုဌာနတွင် အခြေခံပန်းချီ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပုံတူပန်းချီ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ကြံစိုက်ရာသီတွင် ကြံတန်ချိန်(၆၀၀၀၀၀)ကျော်ကြိတ်ခွဲနိုင်
May 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ကြံရာသီ၌ ဂရိတ်ဝေါလ် ဝေမာကုမ္ပဏီသကြားစက်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် စတင်ကြိတ်ခွဲခဲ့ပြီး ယခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် အပြီးသတ်ကြိတ်ခွဲနိုင်ခဲ့ရာ နေ့စဉ်ပျမ်းမျှ ကြံတန်ချိန် (၇၅၀၀)တန်မှ (၈၀၀၀)တန်အထိကြိတ်ခွဲနိုင်ခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)
လသာမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
May 05,2022
ရန်ကုန်အနောက်ပိုင်းခရိုင် လသာမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များအား ယမန်နေ့ နံနက်က အမှတ်(၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ် (ကောင်းတုံကွမ်ယင်တရုတ်ဘုံ ကျောင်းရှေ့)၌ လာရောက်ရောင်းချ ပေးနေကြောင်း သိရသည်။
ဟိုပန်၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်
May 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း )၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပ​ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့်‌ အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရောင်းချပေး
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် အများပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်းနှင့် အနော်ရထာလမ်းထိပ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့်