ကျောက်ကြီးမြို့နယ်အတွင်း လူဦးရေစာရင်းပြုစုခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဆောင်ရွက်
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ပူးပေါင်းပါဝင်သော အဖွဲ့(၁၃) ဖွဲ့ဖြင့် လူဦးရေစာရင်းပြုစုခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။