တာမွေမြို့နယ်အတွင်း မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်
May 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီး ရေလာကောင်းမွန် စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့နယ်အတွင်းရှိ လမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ် ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ဆောင်ရွက်ခြင်း၊ လူသွားစင်္ကြန်လမ်းများအား ပြုပြင်ပြင်ဆင်ခြင်းနှင့် လမ်းလယ်တုံးများအား ဆေးသုတ်ခြင်းစသည့် တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။