မြဝတီမြို့၌ Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါအလေးချိန်နှင့် မြေပြင်တွေ့ရှိမှုအလေးချိန်ကွာခြားမှု ရှိမရှိစစ်ဆေး

မြဝတီ  မေ  ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးကြီးတွင် ရောင်းချလျက်ရှိသည့် Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါအလေးချိန်နှင့် မြေပြင်တွေ့ရှိမှုအလေးချိန်ကွာခြားမှု ရှိမရှိစစ်ဆေး လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခြင်းကို မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးနိုင်မိုးကို၊ မြဝတီခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်ဆေးခြင်းဖြစ်သည်။

ထို့နောက် မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အဖွဲ့စုံဖြင့် သိမ်းဆည်းထားသော ထိုင်းနိုင်ငံမှ အထောက်အထားမဲ့ တင်သွင်းလာပြီး သောက်သုံးရန်မသင့်သည့် ရသေ့တံဆိပ် သောက်ဆေးများနှင့် တရား မဝင် စပ်ဆေးများအား ဖျက်ဆီးခြင်း အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)