သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) နှင့် (Cash For Work) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

သံတောင်ကြီး မေ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် (Cash For Work) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့်CashFor Work စီမံကိန်းကျေးရွာများ ရွေးချယ်ရခြင်း ရည်ရွယ်ချက်များအားအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် ဌာနဆိုင်ရာများ ၊ရပ်မိရပ်ဖများက (VDP)ကျေးရွာ (၁၁)ရွာနှင့် CashFor Work စီမံကိန်းကျေးရွာပထမဦးစားပေး (၅)ရွာကိုလျာထားရွေးချယ်ဆောင်ရွက်ခြင်း၊ အတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ