ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကြိုရေလောင်းသစ်ပင်စိုက်ပျိုးခြင်း စိုက်ပင်(၃၀၀၀) စိုက်ပျိုး

ညောင်ဦး  မေ ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မိုးကြိုရေလောင်းသစ်ပင်စိုက်ပျိုးခြင်းအား ယမန်နေ့နံနက် ၇နာရီအချိန်က စိုက်ပင်(၃၀၀၀) စိုက်ပျိုးခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ ဦးဥက္ကာကိုကို (ဦးစီးအရာရှိ)ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ မိုးကြိုရေလောင်း သစ်ပင်စိုက်ပျိုးခြင်းအား ကျောက်ပန်းတောင်း-နတ်မောက် ကားလမ်းဘေး မိုင်တိုင် (၁၉/၂) သာယာအေးကျေးရွာအနီး မိုးကြိုရေလောင်းသစ်ပင်များ စိုက်ပျိုးခဲ့ရာ ပိတောက်၊ တမာ၊ ဒဟတ်နှင့် ကုက္ကိုပင်များ အပင်(၃၀၀၀) စိုက်ပျိုးခဲ့ကြောင်း သိရပြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနနှင့်ဌာနမှ ဝန်ထမ်းများ ဦးဆောင်ကာ ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD