သတင်းများ

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဆီဆိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်) ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့၌ သမိုင်းဝင်စေတီတော်အား သန့်ရှင်းရေးများ ဆောင်ရွက်ပြီး ရွှေကျင်တောင်စာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ်
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မေလ(၅)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီအချိန်က စတင်ကာ ဖြူးမြို့နယ် ကျက်သရေဆောင် ရွှေကျင်တောင် ကျောင်းအတွင်းရှိ သမိုင်းဝင် မဟာပုညမုနိစေတီတော် မြတ်ကြီးအား စုပေါင်သန့်ရှင်းရေးများ ဆောင်ရွက်ပြီး ရွှေကျင်တောင် စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ (ပထမနေ့) ဘာသာရပ် ဆက်လက်ဖြေဆို
May 05,2022
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အစိုးရဓမ္မာစရိယစာမေးပွဲ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ(ပထမနေ့) ဘာသာရပ် ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်)ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲယနေ့ ဓမ္မသင်္ဂဏီ ဘာသာရပ် ဆက်လက်ဖြေဆို
May 05,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲယနေ့ ဓမ္မသင်္ဂဏီ သဘာသာရပ်ကို မေ ၅ ရက် မွန်းတည့် ၁၂ နာရီက သာယာဝတီမြို့၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။
ဝေါမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ဝေါ မေ ၅ ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများစီမံခန့်ခွဲမှု စွမ်
May 05,2022
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် အခြေခံပညာ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ဝေါအထကကျောင်း သီရိဇေယျာခန်းမဆောင်၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်၏ ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်၏ ယခင်ချေးငွေများပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။