ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီအားလပ်ချိန်တွင် စာပေ ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ ဗဟုသုများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုရာမှတစ်ဆင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။