လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၄၀၀၀၀)ပျိုးထောင်ထားရှိ

လှိုင်းဘွဲ   မေ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၄၀၀၀၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း မန်ဂျန်းရှားပင်(၁၅၀၀၀)၊ ကျွန်းပင် (၁၀၀၀၀)၊ မယ်ဇလီပင်(၃၀၀၀)၊ ပျဉ်းမ(၁၅၀၀)၊ မဟော်ဂနီ(၃၀၀၀)၊ ကုက္ကိုလ်(၁၀၀၀)၊ ခရေ(၅၀၀)၊ ငုရွှေဝါ(၃၀၀၀)နှင့်စိန်ပန်း(၃၀၀၀) စုစုပေါင်း(၄၀၀၀၀)တို့ကို စိုက်ပျိုးထားရှိပြီး ပျိုးပင်များအား လာမည့် ဇွန်၊ ဇူလိုင်လ မိုးရာသီမှာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များအား နှစ်စဉ် ပျိုးထောင်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း  မြို့နယ်သစ်တောဦးစီးမှူး ဦးလှမြင့်ဦးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)