ရွှေကျင်မြို့တွင် ၂၀၂၂ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေကျင် မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာ ကျောင်းတိုက်ဓမ္မာရုံတွင် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာ တော် ထွန်းကားပြန့်ပွားစေရန် ပါ ဠိပထမပြန်( ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကျင်းပနိုင်‌ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်ကကျင်းပသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မဟာပညာ့ဗိမာန်စာသင်တိုက် တိုက်အုပ် စာချဆရာတော် ဘဒ္ဒန္တကဝိန္ဒ မှ အနုမောဒနာဩဝါဒကထာ ချီးမြှင့်ပေးပြီး မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဉူးဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက ပါဠိပထမပြန်( ကြီး၊လတ်၊ငယ်၊မူ )တန်း စာမေးပွဲ ကျင်းပနိုင်‌ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါစာမေးပွဲကို (၇-၅-၂၀၂၂) ရက်နေ့မှ(၁၃-၅-၂၀၂၂)နေ့အထိ ပထမကြီးတန်း(၁၂)ပါး၊ ပထမလတ်တန်း(၁၃)ပါး၊ ပထမ ငယ်တန်း(၂၈)ပါး၊ အခြေပြုမူလတန်း(၂၂) ပါး၊ ‌စုစု‌ပေါင်း (၇၅)ပါး ဖြေဆိုကြမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်