မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုပြုဌာန(Community Centre)ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပ

မြစ်သား  မေ   ၅

 

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်လူထုအခြေပြုဗဟိုပြုဌာန(Community Centre)တွင် နွေရာသီကျောင်းပိတ်ရက်ကလေးငယ်များအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က    နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ ဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့ အကျင့်ရရှိ၍ ပြောရဲဆိုရဲသော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပေတောပရဟိတကျောင်းမှ ကျောင်းသားလေးများက ဉာဏ်စမ်းပဟေဠိပုစ္ဆာများကို နှစ်ယောက်တစ်တွဲ ယှဉ်ပြိုင်ခဲ့ကြသည်၊ ဆက်လက်၍ ကဗျာရွတ်ဆို ပြိုင်ပွဲတွင် မစောယုနန္ဒာမှ “မင်္ဂလာကဗျာ(၁)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခွန်သန်းထွန်းမှ “မင်္ဂလာကဗျာ(၂)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မပြည့်ပြည့်မှ “ဆွမ်းအုပ်နီနီ ကဗျာခေါင်းစဉ်ဖြင့်” လည်းကောင်းယှဉ်ပြိုင် ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့သည်။

အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြုင်ပွဲသို့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။      

သီတာအောင် (မြစ်သား)