သနပ်ပင် မေ ၅
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို မြို့နယ်ပညာရေးမှူး ဦးဆောင်၍ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီး (၅)ဦးမှ ဖွင့်လှစ်ပို့ချပြီး သနပ်ပင်မြို့နယ်အခြေခံ ပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၁၁၆) ဦးတက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကို မေ လ (၆)ရက်နေ့ထိ (၂)ရက် ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
လှမိုး