သတင်းများ

ဖျာပုံမြို့၌ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန် ငြုပ်ဆီလုပ်ငန်းများစစ်ဆေး
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများ စျေးကွက်ထဲတွင် ရောင်းချနေသော ငြုပ်ဆီများတွင် ဓာတုဆိုးဆေးနှင့် ဓာတုပစ္စည်များ ကင်းရှင်းစေရန်အတွက် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနက ယနေ့ နံနက် (၁၀)နာရီအချိန်က ငြုပ်ဆီထုတ်လုပ်နေသော ငြုပ်ဆီလုပ်ငန်းများနှင့် ရောင်းချနေသောဆိုင်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထားဝယ်မြို့ရှိ စက်ရုံနှင့်ကုန်စုံဆိုင်များတွင် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေး
May 11,2022
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ စက်ရုံနှင့်ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
May 11,2022
စာရေးဆရာမြတ်ငြိမ်း၏"သင့်လက်တစ်ကမ်းကအောင်မြင်မှုပန်းတိုင်"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ဇီဝမြေသြဇာပြုလုပ်နည်းနှင့်မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဆင်းပွဲ ပြုလုပ် 
May 11,2022
ကျေးလက်နေပြည်သူများမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင် တတ်စေရန်နှင့် အဟာရပြည့်ဝသော တိရစ္ဆာန်အစာများရရှိစေရန် ရည်ရွယ်၍ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု နောင်မူကျေးရွာတွင် ဇီဝမြေသြဇာပြုလုပ်နည်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းကို  ​​ မေလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်​ကြားပေးခဲ့ပြီး  မေလ ၁၁ ရက် နံနက်ပိုင်းက သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပ
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် မဟာပုညာရာမတိုက်၊ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီး တရားစခန်းရှိ ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ကုသဆောင်ရွက်
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိ မဟာပုညာရာမတိုက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးရှိ ဆရာတော် သံဃာတော်များ၊ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့် ပညာပေး" ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အဆိုပါ မင်းကျောင်းဓမ္မရိပ်သာတွင် ဆောင်ရွက်ကြသည်။
ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
May 11,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။