ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ဗန်းမော် မေ ၁၁

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားဆိုင်ရာများအကြောင်း မေးမြန်းဆွေးနွေးခဲ့ကာ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ကလေးအလုပ်သမား အဓိပ္ပါယ်သတ်မှတ်ချက်၊ ကလေးအလုပ်သမား ခန့်ထားသူများအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ Talk Show ဆွေးနွေးမှုများကို ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် We Love Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)