သတင်းများ

မေတ္တာမြို့တွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနရုံးတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် လူကုန်ကူးမှု ဆိုင်ရာအသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး ၊ လူကုန်ကူးမှုဆိုင်ရာအသိ ပညာပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် ရေနံသာလမ်းဆုံလမ်းခွတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် အခြေခံနှင့်အဆင့်မြင့် လက်ဝှေ့သင်တန်းဖွင့်လှစ်နေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ထောက်ပံ့ပေးအပ်
May 11,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်ခရိုင်ရုံးက ခရိုင်အားကစားခန်းမတွင် အခြေခံနှင့်အဆင့်မြင့် လက်ဝှေ့သင်တန်း ဖွင့်လှစ်နေမှုကို ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့တွင် မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade- 5 (သင်ရိုးသစ်) ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အထက (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် GRADE-5(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် GRADE-5(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အ.ထ.က သာပေါင်း သော်ကဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
May 11,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် မြို့မစာကြည့်တိုက်၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် မြို့မစာကြည့်တိုက်၌ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ ကြာဖူးငုံလက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက်သို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်က ကြာဖူးငုံလက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက်သို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများလက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။