ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ချမ်းမြသာစည်  မေ  ၁၁

စာရေးဆရာမြတ်ငြိမ်း၏"သင့်လက်တစ်ကမ်းကအောင်မြင်မှုပန်းတိုင်"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကိုဖတ်ရှု လေ့လာခြင်းဖြင့်အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါဝင်သည့် "လူကြိုက်များခြင်း၏ အကျိုး"ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က" အောင်မြင်ရာအောင်မြင်ကြောင်း" ခေါင်းစဉ်ကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၃)ဒေါ်ခင်မာဦးက "အကောင်းဆုံးတွေဖြစ်လာမှာပါ" ခေါင်းစဉ်ကိုလည်းကောင်း၊ အငယ်တန်းစာ‌ရေး‌ ဒေါ်ခိုင်ခင်ဦးက "စဉ်းစားတွေးခေါ်မှုထက်မြက်လာစေရန်ခေါင်းစဉ်ဆွေးနွေးခဲ့ကြပြီးနောက် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းများအပေါ် ရုပ်/သံကျွမ်းကျင်( ၃)ဒေါ်ညိုညို၀င်းနှင့်Book Club အဖွဲ့၀င်ဦးမင်းထွန်းတို့ကဖြည့်စွက် ဆွေးနွေး‌ပေးခဲ့ကြသည်။    

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ အများပြည်သူများဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်းများကို ရွေးချယ်ကာ စာဖတ်ဝိုင်း/စာပေဆွေး‌နွေးပွဲများကိုကျင်းပ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းကို ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများBook Club အဖွဲ့၀င်များနှင့်ကျင်းပ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း