ရွှေကျင် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာဗဟုသုတများ မြှင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအချက်များ၊ လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာရေးနှင့် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ်များက စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)