သတင်းများ

ရပ်စောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းပေး
May 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက‌ ဆောင်ရွက်ခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစံညီ စာကြည့်တိုက် (၃)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်စာကြည့်တိုက် ဖောင်ဒေးရှင်းမှလှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နေ့လည် (၁:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေးမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအတွက် ရပ်ရွာအခြေပြု ပန်းအလှပြင်နှင့် မြန်မာအစားအစာမုန့်လုပ်နည်းသင်တန်းများဖွင့်လှစ်
May 11,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အမျိုးသမီးငယ်လေးများ မိသားစုတစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းနှင့် မြန်မာအစားအစာမုန့်လုပ်နည်း သင်တန်းများကို ရေးမြို့နယ် အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင် နေပြည်တော်အတွင်းရှိ တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 11,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ပျဉ်းမနားမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အစိုးရနည်းပညာ ကောလိပ်တို့ကို မေ(၁၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
မော်လိုက်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဂရန်အင်းများ (ပထမအကြိမ်) လေလံတင်ရောင်းချပွဲ ကျင်းပ
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဂရန်အင်းများ (ပထမအကြိမ်) လေလံတင်ရောင်းချပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းချီအခြေခံသင်တန်း ဒဂုံမြို့နယ် ပြန် / ဆက်ရုံး (Community Centre) ၌ ဖွင့်လှစ် သင်ကြားပို့ချ
May 11,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် နွေရာသီပန်းချီ အခြေခံသင်တန်းကို ​ယမန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ ဓမ္မရံသီဓမ္မာရုံ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က ကွင်းဆင်း၍ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံ‌ပေးရာ Astra Zeneca First Dose ထိုးနှံသူ (၅၆)ဦး၊ Astra Zeneca Booster Dose ထိုးနှံသူ (၁၀၆)ဦး၊ စုစုပေါင်း (၁၆၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။