ဖျာပုံ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူများ စျေးကွက်ထဲတွင် ရောင်းချနေသော ငြုပ်ဆီများတွင် ဓာတုဆိုးဆေးနှင့် ဓာတုပစ္စည်များ ကင်းရှင်းစေရန်အတွက် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနက ယနေ့ နံနက် (၁၀)နာရီအချိန်က ငြုပ်ဆီထုတ်လုပ်နေသော ငြုပ်ဆီလုပ်ငန်းများနှင့် ရောင်းချနေသောဆိုင်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါငြုပ်ဆီများ စျေးကွက်အတွင်း ပြည်သူများ ဝယ်ယူသုံးစွဲနေခြင်းကြောင့် ငြုပ်ဆီတွင် ဓာတုဆိုးဆေးများ အသုံးမပြုစေရေးနှင့် ကုန်ထုတ်အမှတ်တံဆိပ်နှင့် ကုန်ဆုံးသက်တမ်းများ တိကျမှန်ကန်စွာ ပါဝင်မှုတို့ကို စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံထံမှ သိရသည်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စျေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများအား အခါအားလျော်စွာ ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)