သတင်းများ

နမ္မတူမြို့နယ်တွင် အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ ၃၇၀ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးပြီး
May 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၄၀)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၃၇၀ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးပြီးပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။
သီပေါမြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ဆောင်ရွက်
May 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကိုယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအတွက် တန်ဖိုးသင့်အခြေခံ စားသောက်ကုန်များ ရောင်းချပေး
May 11,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နေပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာ လာရောက်ရောင်းချ ပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းနှင့် မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီရောက်ရှိလာပြီဖြစ်ရာခြင်များ မပေါက်ပွားနိုင်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းကို မေလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများနှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ်အတွင်း ရာသီပေါ်ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ ပေါ်ဦးပေါ်ဖျားကာလ၌ ဈေးကောင်းရရှိ
May 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ရာသီအလိုက်ထွက်ရှိသည့် ဒူးရင်းသီးနှင့် မင်းဂွတ်သီးများ လက်ရှိအချိန် ပေါ်ဦးပေါ်ဖျားကာလ၌ ဈေးကောင်းရရှိနေကြောင်း စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။
မြစ်ကြီးနားမြို့ အေးမြသာယာအဆင့်မြင့်ဈေး၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်
May 11,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဦးချင်း၀င်ငွေ တိုးတက်ရရှိလာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မေ(၁၆)ရက်မှ (၂၀)ရက်နေ့အထိ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ အေးမြသာယာအဆင့်မြင့်ဈေး အပေါ်ထပ် ၃ လွှာ C ရုံ 3D(ဒစ်ဂျယ်တယ်ရုပ်ရှင်ရုံ)အနီးတွင် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များသို့ စာအုပ်၊စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ
May 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက် (၄)တိုက်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအ‌ခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တစ်လုံးကြီး၌ လူငယ်တွေစဉ်းစားဖို့ အသိပညာပေး Talk show ကျင်းပပြုလုပ်
May 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအတွက် အဓိကရည်ရွယ်ပြီး လူငယ်တွေစဉ်းစားဖို့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk show ကိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉) နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအနေဖြင့် ပညာရေးအလုပ်အကိုင် ရွေးချယ်မှုများနှင့်ပတ်သက်ပြီး အချိန်နှင့်ငွေကြေးကို အကျိုးရှိရှိအသုံးချပြီး မိမိဝါသနာပါရာကို မှန်မှန်ကန်ကန်‌ရွေးချယ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။