ရွှေကျင် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီခွဲတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာငှားဝန်ဆောင်မှု ပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှု့ခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိလာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတ များ တိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများထံသို့ သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)