သတင်းများ

ဘောဂလိမြို့တွင်ကိုဗစ်-၁၉ ရောဂါပိုးကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
May 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘောဂလိမြို့ရုံးဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။
သရက်မြို့၌  အလယ်တန်း၊ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ ကျင်းပ
May 12,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်း၊ အထက်တန်းဆင့် အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ရာ ဧည့်သည်တော်များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သံတောင်ဒေသတွင် မိုးရာသွန်းမှုကြောင့် ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ရပ်နားထား
May 12,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ  ရော်ဘာစိုက်ပျိုးသောတောင်သူအချို့ ယခုအခါ  အစေးလှီးခြင်းနှင့်ရော်ဘာပြားများ  ထုတ်လုပ်ခြင်းလုပ်ငန်း  ခေတ္တရပ်းနားလျက်ရှိကြောင်းသိရသည်။  ယခင်လများက  ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး  ရော်ဘာတစ်ပေါင်လျှင်  အရည် အသွေးပေါ်မူတည်၍ ကျပ် (၁၀၀၀)မှ  (၁၁၀၀)ကျပ်ထိရရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ၌ လူငယ်နှင့် အနာဂတ် ဟောပြောပွဲ ကျင်းပ
May 12,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့် အနာဂတ်ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ နွေရာသီပညာဒါန အခြေခံပန်ချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် ပညာဒါနအခြေခံပန်ချီရေးဆွဲနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက လူထုအခြေပြု ဗဟိုဌာန(ဗဟန်း) Community Centre ၌ကျင်းပသည်။
ရေနံချောင်းတက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အေးချမ်းသာယာစွာ ကျောင်းတက်နိုင်ရေး အတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 12,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရေနံချောင်းတက္ကသိုလ်တွင်   မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ပုံမှန်ပညာသင်နှစ် နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အေးချမ်းသာယာစွာ  ကျောင်းတက်နိုင်ရေးအတွက် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ တက္ကသိုလ်စာကြည့်တိုက် အတွင်း၊ အပြင်သန့်ရှင်းရေးနှင့် ကျောင်းပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေးတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခမရ (၇၇)မှ ဗိုလ်မှူးဦးဆောင်သော အရာရှိစစ်သည်များ၊ တပ်မတော်သားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ဒုတိယမြို့နယ် ရဲမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့်အတူ စုစုပေါင်းအင်အား (၄၀၀) ဦးတို့က ယမန်နေ့ နေ့လည် (၃)နာရီအချိန်မှ စတင်ကာ ညနေ(၅)နာရီ အချိန်ထိ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် (၈)နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများ၊ ကျောင်းရှိ ဆရာ/ဆရာမများ ပူးပေါင်းကာ အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး)ကျောင်းဝန်းအတွင်းရှိ ပေါင်းမြက်ပင်များအား စုပေါင်း ရှင်းလင်းခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
May 12,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက်အသိပညာပေးခြင်း လုပ်ငန်းများကိုဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။