ထားဝယ်မြို့ရှိ စက်ရုံနှင့်ကုန်စုံဆိုင်များတွင် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေး

ထားဝယ် မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ စက်ရုံနှင့်ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ဆန်းချီရပ်ရှိ ကုန်စုံဆိုင်နှင့် က​မြောကင်းလမ်းရှိ ပွဲရုံတို့တွင် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ပစ္စည်းများ ရောင်းချမှု ရှိ၊ မရှိကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆိုင်ရှင်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးညီညွတ်သော အန္တရာယ်ကင်းသည့် အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက် ၅ ချက်ပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်​ဝေပေးခဲ့ ကြောင်း၊ ဆိုင်များမှ မက်မွန်သီးနှင့် မရမ်းယိုအစားအ​သောက် နမူနာ (၂) မျိုးတွင် ခွင့်မပြု ဆိုးဆေးများ ပါဝင်​ခြင်း ရှိ/မရှိ FDA (တိုင်းရုံး) တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ထားဝယ်မြို့တွင်းရှိ သောက်ရေသန့် လုပ်ငန်းစက်ရုံများဖြစ်သည့် ဖြူသန့်၊ ငွေကြယ်လင်းနှင့် မြင့်မိုဦးရေသန့်စက်ရုံများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် ညီ/မညီ ရှောင်တခင် ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)