သတင်းများ

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာန ဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပ ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
May 11,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက (Community Centre) ပံသုကျီခန်းမ၌ ကျင်းပသည်။
မိုးကောင်းမြို့နယ်တွင် မြို့နယ်အဆင့် (Grade-5)သင်ရိုးသစ် face to face သင်တန်းဖွင့်လှစ်
May 11,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆင့်ပွါးသင်တန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့အပ်ပွဲနှင့် စုပေါင်းကြဲပက် စိုက်ပျိုးပွဲပြုလုပ်
May 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု‌၊ ရေကျော်ကျေးရွာရှိတောင်သူ ဦးဝင်းနိုင်၏ လယ်မြေကွင်းအမှတ်(၁၉၆၂)၊ ဦးပိုင်အမှတ် (၂၇/၁)၊လယ်မြေ(၄)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာန၏(၂၀၂၂-၂၀၂၃)ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့အပ်ပွဲနှင့် စုပေါင်း ကြဲပက်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြသည်။
မိုင်းတုံမြို့၌ ကိုဗစ်ကာလကြောင့်မဖွင့်လှစ်နိုင်သည့် ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်နိုင်ရေး ကွင်းဆင်းစစ်ဆေး
May 11,2022
ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့​သည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်
May 11,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို မေ၁၁ရက်နေ့နံနက်၁၁နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
ဖားကန့်မြို့နယ်အတွင်း (၂၀၂၁)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူ ခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ပူဇော်
May 11,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းမှ (၂၀၂၁)ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင် စုနှင့် အောင်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မေလ (၁၁)ရက်နေ့ နံနက်(၉)နာရီက သီရိမင်္ဂလာမဏိဇေယျုံကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
May 11,2022
ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရာက်အမှာစကား ပြောကြားသည်။