သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းသို့ သက်ဆိုင်ရာဌာနများမှ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ လာရောက် ပို့ချလျက်ရှိ
May 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ မေလ ၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရာ သင်တန်းသို့ သက်ဆိုင်ရာဌာနများမှ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့  လာရောက်ပို့ချလျက်ရှိရာ  မေလ၁၁ ရက်နေ့တွင် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက လာရောက်ပို့ချပေးခဲ့ ကြောင်းသိရှိရပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍတွင် ပါဝင်သော နွေစပါးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ဆွေးနွေး
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကဏ္ဍတွင် ပါဝင်သော နွေစပါးနှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယနေ့နံနက် (၉)နာရီက ဖြူးအရှေ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လင်းခေးတွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီအကြိုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက လင်းခေးမြို့၊ ပုန်းထွန်ကျေးရွာအုပ်စုရှိ တပ်နယ်စိုက်ကွင်းတစ်ခု၌  ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်(face to face) သင်တန်းပို့ချ
May 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံကျောင်းရှိ စာသင်ခန်းများတွင် အခန်းခွဲ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face) သင်တန်းပို့ချသင်ကြားပေးကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ အခြေခံပညာ သင်ရိုးသစ် (Grade-5) သင်တန်းဖွင့်လှစ်ပို့ချ
May 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်‌မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်
May 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများ ရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ညောင်လေးပင်မြို့၌ စာဖတ်ပရိတ်သတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး
May 11,2022
ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ပရိတ်သတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ စာအောင်သံဃာတော်၊ သီလရှင်များအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
May 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဟော်တော်ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်၊ သီလရှင်များအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မေလ နံနက်(၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။