လက်ပံတန်းမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

လက်ပံတန်း ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာပေချစ်သူများအသင်းနှင့်ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့စေဖို့ လူငယ်လူရွယ်တွေ ပြည်ထောင်စုစိတ်ဓာတ် ဖွံ့ဖြိုးကြစေဖို့ ရည်ရွယ်ပြီး အသိပညာပေး Talk Show ဆွေးနွေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်စာပေချစ်သူများအသင်း(Book Club) အသင်းဝင် အငြိမ်းစား ဆရာမကြီး ဒေါ်ညိုညိုတင့်က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်အခန်းကဏ္ဍအရေးကြီးပုံ၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာ စစ်မှန်သောမျိုးချစ်စိတ်ဖြစ်သည့်အတွက် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှသာ ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန လက်ပံတန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)