ရာသီပေါ် သမှုန်းပွင့်ရောင်းသူများ မိသားစုစားဝတ်နေရေး အဆင်ပြေ

နတ်မောက် ဖေဖော်ဝါရီ ၇

နတ်မောက်မြို့နယ်၊ မြို့မစည်ပင်သာယာရေးစျေးအတွင်း ရာသီပေါ် သမှုန်းပွင့် ရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်မကတော့ သမှုန်းပွင့်ရောင်းသူပါ၊ သမှုန်းပင်ကတော့ ယာခင်းစပ်နဲ့ တောအစပ်နေရာတွေမှာ ပေါက်လေ့ရှိပြီး အပင်ကြီးမျိုးဖြစ်ပါတယ်၊ ရှားပါးတဲ့ အပင်မျိုးလဲဖြစ်ပါတယ်၊ တပို့တွဲလမှ တပေါင်းလအထိ အဖူးအပွင့်များလှိုင်လှိုင် ပွင့်ကြပါတယ်၊ သမှုန်းပွင့် တစ်ပိဿကို (၄၀၀၀)ကျပ် ရောင်းရပါတယ်၊ ကျွန်မတို့က သမှုန်းပွင့်သွားခူးရင် တစ်နေ့ကိုတော့ (၅)ပိဿာလောက်တော့ ရပါတယ်၊ သမှုန်းပွင့်ကို ပြုတ်ပြီးတော့မှ မြို့မစည်ပင်သာယာရေးစျေးတွင် လာရောက်ရောင်းရပါတယ်” ဟု နလက္ခုပ္ပင်ကျေးရွာနေ ဒေါ်အေးသူဇာက ပြောကြားခဲ့ကြောင်းသိရသည်။

လှဝင်း