မော်လိုက်မြို့၌ ကလေးလူငယ်အခွင့်အရးဆိုင်ရာ ဉပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးလူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်()၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းယုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက ကလေးလူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ယဥ်လှက ကလေးလူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းများနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေး ()ရပ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ သည်။

ကလေးလူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးအရာရှိနှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/သူများ စာပေဖတ်ရှု လိုချင်စိတ်များဖြစ်စေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်များ ခင်းကျင်းပြသပေးခြင်း၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ ပြသပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)