သဲကုန်း ဖေဖေါ်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြိုနယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမ၌ ကျောင်းကျန်းမာရေးမှတ်တမ်း ကတ်ပြားသုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုအား ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူးဦးဌေးဝင်းက ကျောင်းကျန်းမာရေးမှတ်တမ်း ကတ်ပြားသုံးစွဲခြင်းနှင့် ပတ်သတ်၍လမ်းညွန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးက ကျောင်းသားလူငယ်များ၏ အဆင့်အတန်းမြင့်မားစေဖို့ ကျောင်းကျန်းမာရေးကဏ္ဍကြီး တစ်ခုလုံးကို ကျောင်းသားလူငယ်များ ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းဆရာဆရာမများနှင့် ပြည်သူတစ်ရပ်လုံးက တတ်ညီလက်ညီနှင့် ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီးကျောင်းကျန်းမာရေးသူနာပြု ဆရာမဒေါ်အေးသန္တာက ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးချက်များကို Power Point ဖြင့် ရှင်း လင်းပြောကြားခဲ့သည်။
ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ ဆန်းစစ်ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများမှ မူလတန်းအောက်ဆင့်သင်ဆရာ ဆရာမ(၁၉၄)ဦး တတ်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)