မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား လူငယ်များအား အသိပညာတိုးပွားစေရေးအတွက်၊ စာသင်ကျောင်းမှအပ အပြင်ဗဟုသုတများ၊ စကားပြောစွမ်းရည်များ၊ မြန်မာစာအသုံးအနှုန်းများကို နားလည်စေရန် ရည်ရွယ်၍ စာရေးဆရာ လူထုစိန်ဝင်း၏ “မျော်လင့်ချက်မဲ့အခြေအနေဆိုတာမရှိဘူး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို  (လက်ထောက်ညွှန်ကြားရေးမှူး)က ယနေ့တိုးတက်နေသော နည်းပညာခေတ်တွင် လူငယ်များသည် အသိပညာ၊ ဗဟုသုတကို နေ့စဉ်နှင့်အမျှ လေ့လာဖတ်ရှုသင့်ကြောင်းကို ကျောင်းသား/ ကျောင်းသူများ သိရှိနားလည်အောင်ဆွေးနွေခဲ့သည်။ ထို့နောက်လူငယ်စာဖတ်ဝါသနာရှင် မောင်ဗေဒလုက “အရိပ်မခိုချင်နဲ့” ဆောင်ပါးအားလည်းကောင်း၊ မနာစီးမွှေးက “ကွက်လပ်ဖြည့်သူ” ဆောင်းပါးအားလည်းကောင်း၊ “သန်ပေမဲ့မစွမ်းသူတွေအတွက်” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့သည်။ ထိုသို့ စာဖတ်ဝိုင်းတွင်  တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် (၄၀)ဦးက အပြန်အလှန်ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ပန်းကျင်(ခရိုင်၊ပြန်/ဆက်)