မလှိုင် ဖေဖေါ်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂ဝ၂၃ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယမန်နေ့ကမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ထန်းတောကျေးရွာသားဖွားခန်း၌ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးပြပွဲသို့ ထန်းတောကျေးရွာအုပ်စုအတွင်းရှိ မွေးစမှ အသက် (၆)လ ၊ အသက်(၆) လမှ(၁)နှစ် ၊ အသက်(၁)နှစ်မှ (၁)ခွဲ ၊ (၁)နှစ်ခွဲမှ(၂) နှစ်အရွယ် ကလေးငယ်စုစုပေါင်း(၂၃)ဦးပါဝင်ခဲ့ကြပြီး ကလေးငယ်များ၏ကျန်းမာရေးနှင့်ပတ်သက်၍ ထန်းတောကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်းတာဝန်ခံဆရာမ ဒေါ်ဝါဝါထွန်းနှင့်တာဝန်ရှိသူများက ကလေးငယ်များလအလိုက် အာဟာရပြည့်ဝပြီး ရှိသင့်သည့်ပေါင်ချိန်ပြည့်မီခြင်း ရှိ/မရှိ ပေါင်ချိန် တိုင်းတာခြင်း၊ တစ်ကိုယ်ရေးသန့်ရှင်းရေး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်းများနှင့် ကလေးငယ်များ၏ သွက်လက်လှုပ်ရှားမှု(ဉာဏ်ရည်)များကို စစ်ဆေးခဲ့ကြသည်။ ထို့အပြင် အသက်(၁)နှစ်ခွဲမှ (၂)နှစ်အရွယ် ကလေးငယ်များအား အရပ်အမြင့်တိုင်းတာပြီး အရပ်အလိုက်ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ ပေါင်ချိန်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များကလိုအပ်သည်များကိုကူညီဆောင်ရွက် ပံ့ပိုးပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတာဝန်ရှိသူများက လေးငယ်များအားဂုဏ်ပြုအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)