သတင်းများ

ကြို့ပင်ကောက်မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တောင်သူများ တွေ့ဆုံ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်နေမျိုးဦးသည် တောင်သူများနှင့် တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌ သဲနှုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Feb 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ရေလှောင်တမံများ၌  သဲနှုန်းတူးဖော်ခြင်း၊ မြောင်း ဘောင်အားဖြည့်ခြင်း၊ ရေဟန့်များပြုပြင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ OMC မြောင်းဘောင်များတွင် လိုအပ်သောနေရာများ၌ ဂျင်းခင်းခြင်းနှင့် ကျောက်ကြီးလိုင်နင်စီခြင်း၊ ရေခွဲအဆောက်အအုံပြုပြင်ခြင်းနှင့် မြောင်းကူးတံတား ပြုပြင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာလဆန်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၅ ခု၊ ၅၀ ရာခိုင်နှုန်းပြီးစီးမှုလုပ်ငန်း ၃ ခုနှင့် ၅၀ ရာခိုင်းနှုန်းအောက်ပြီးစီးမှုလုပ်ငန်း ၁ ခု အသီးသီး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်၌ အလှူခံဌာနဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များကလာရောက်လှူဒါန်း
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ အမြဲမပြတ်လာရောက်ဖူးမြော်လျက်ရှိကြရာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားလျက်ရှိသည့်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေးလှူဒါန်းနိုင်ရန် ရွှေစည်းခုံဘုရားကြီး အင်္ဂါထောင့် တန်းဆောင်းတော်တွင် အလှူခံဖွင့်လှစ်ထားရှိရာသို့ အလှူရှင်များက ဝတ္တုငွေများ၊ ရွှေစင်ရွှေသားများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ဟိုပန်၌ကျင်းပ
Feb 07,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
လက်ပံတန်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုရက်တိုဆရာအတတ် ပညာသင်တန်းဖွင့်လှစ်ပို့ချ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။
ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ လူမှုရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက လူမှုရေးရာ အသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံတက္ကသိုလ် ဓမ္မိလပ်အားကစားရုံ၌ ကျင်းပသည်။