သတင်းများ

ပူတာအို၌ မြို့နယ်သမဝါယမအသင်းစု၏ ဒေသထွက်ကုန်စံပြ အရောင်းဆိုင်ဖွင့်လှစ်
Jul 22,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သမဝါယမဦးစီးဌာန လက်အောက်ရှိ မြို့နယ်သမဝါယမအသင်းစု၏ ဒေသထွက်ကုန်စံပြအရောင်းဆိုင်ခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်ရှိ ဦးခေါ်ကွဲဒီးနေအိမ်၌ ဖွင့်လှစ်သည်။
ပိုင်ကျုံမြို့ အ.ထ.က နောင်ဘိုကြီးကျောင်း၌  အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအသုတ် (ဒုတိယ)အကြိမ်ထိုးနှံ
Jul 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌အေးချမ်း သာစွာ ပညာသင်ကြားနိုင်‌စေရန် ရည်ရွယ်၍ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေနှင့် မှတ်ပုံတင်ထားရမည့် အချက်အား ကွင်းဆင်း ဟောပြော
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံး၏  ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ဥပဒေနှင့် မှတ်ပုံတင်ထားရမည့် အချက်များကို ယမန်နေ့ နံနက်ပိုင်းက  ကြံခင်းမြို့အမှတ်(၁၀၅)သစ်စက်ရုံးခန်းတွင်  ရှင်းလင်းပြောကြားသည်။
ဇလွန်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၉) စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဘုရားချောင်းကျေးရွာအသင်း တက်ရောက်နိုင်ပြီ
Jul 22,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင်  ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ခုနှစ်၊ မိုးရာသီ ကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၁)ရက်နေ့ ညနေ (၃)နာရီတွင်
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile Team အဖွဲ့များဖြင့် ရပ်ကွက်အတွင်းရှိ အသက်(၁၅)နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီး ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လနှင့်အထက်၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ် ဆေး (Booster Dose)ထိုးနှံခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။ 
မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 22,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌ ယနေ့နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
အင်္ဂပူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများထုတ်ပေး
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့ နံနက်(၈)နာရီအချိန်က ထုတ်ပေး လျက်ရှိကြောင်း သိရသည်။