သတင်းများ

ပိုင်ကျုံမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောက်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Feb 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကိုနံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 18,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် လာမည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရ
Feb 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုး တောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်း ကောင်းမွန်ကာ ဆွတ်ခူး ရောင်းချချိန် တစ်ပိသာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်ခင်းဝင် ငွေတွက်ခြေကိုက် နေကြကြောင်း သိရသည်။
မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်
Feb 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း‌ဆောင်ရွက်ပေး
Feb 18,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် နှင့်အထက် အခြေခံပညာမူလတန်းလွန်ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအ‌ဝေးခန်းမ၌ ကွင်းဆင်း‌ဆောင်ရွက်ပြုလုပ်‌ပေးခဲ့သည်။
အမ်းမြို့နယ်တွင် ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ
Feb 18,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တိုက်မော်ကျေးရွာ အုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူ ဒေါ်သိန်းကြွယ်တို့ ပူးပေါင်းဆောင်ရွက် ထားသော ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်ရှိကျေးရွာများအတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နိုင်ရေး ရန်ပုံငွေများထောက်ပံ့ပေးအပ်
Feb 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကျင်းပပြုလုပ် သည့်ကလောမြို့နယ်ရှိကျေးရွာများအတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ပေါင်းတည်တွင် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်ရောင်းချ
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အနယ်နယ်အရပ်ရပ်သို့ တင်ပို့နိုင်ရန်နှင့် ရန်ကုန်-ပြည် ကားလမ်းဘေးတလျှောက်တွင် ဖြစ်ထွန်းလျက်ရှိသော ပြောင်းဖူးဆိုင်တန်း စျေးကွက်အတွက် ဒေသခံတောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းစိုက်ပျိုးရေးကို လုပ်ကိုင်လာကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။