သတင်းများ

ရွှေသောင်ယံမြို့တွင်(၇၅)နှစ်မြောက်မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်နံရံကပ်ဘုတ်ပြသ
Feb 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ယမန်နေ့ညနေ (၃)နာရီ(၃၀)အချိန်က (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ ကိုပြသခဲ့ကြသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများအား မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများဆောင်ရွက်
Feb 18,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့မဈေးအတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်  မှတ်တမ်းဓာတ်ပုံများ နံရံကပ်ပြဘုတ်တွင်ပြသ
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Feb 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ကမ္ဘာရွာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြော
Feb 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူး‌ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ၊ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ လူနာများအား တွေ့ဆုံအားပေးကာ ထောက်ပံ့င
Feb 18,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့မှ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာရှိ ပေါ်တော်မူ ဆုတောင်းပြည့် ဘုရားကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများ ဆေးဝါးကုသဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။