ရွှေတောင်မြို့နယ်တွင် Mask တပ်ဆင်စေခြင်း၊ အခမဲ့ Mask ဝေငှခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်း ဆောင်ရွက်
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်- ပြည်လမ်း မြို့ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် Mask တပ်ဆင်မှုမရှိသူများအား Mask တပ်ဆင်ပေးခြင်း အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့်မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ တို့ပါဝင်သောပူးပေါင်းအဖွဲ့မှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ဆိုင်ကယ်လိုင်စင် ရှိ/မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့်