သတင်းများ

ပေါင်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အသိပညာပေး(Talk Show) ပြုလုပ်
Feb 18,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ   အသိပညာပေး(Talk Show)ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ
Feb 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယမန်နေ့ ညနေပိုင်းက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
“မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပ
Feb 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး”Talk Showကို  ယမန်နေနေ့လယ်က ကျင်းပခဲ့ကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ
Feb 18,2023
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ပြသဆောင်ရွက်ထားလျက်ရှိ‌ကြောင်းသိရသည်။
ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Feb 18,2023
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ရသေ့တောင်မြို့ အရှေ့‌မြောက်ရပ်ကွက်ရှိ  သာသနာ့ရက္ခိတဘုန်းတော်ကြီးကျောင်းတွင် ယာယီနေရပ်စွန့်ခွာသူများစခန်းတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းအကြံပြု စစ်ဆေးခြင်းနှင့် ဆီမီးလောင်မှုအားမီးသတ်ဆေးဘူးဖြင့်လက်တွေ့ မီးငြိမ်းသတ်ပြသခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးလူမော်နှင့်တပ်ဖွဲ့ဝင်များကလက် တွေ့သရုပ်ပြခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကုန်ထုတ်ဂဝံလမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Feb 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဝါးတရာကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ထိန်နှစ်ပင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်ဂဝံလမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက အဆိုကျေးရွာနှစ်ရွာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ဘီးလင်းမြို့နယ်တွင် တိုင်းရင်းဆေးပညာ ​အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ
Feb 18,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘီးလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၂) နာရီက တိုင်းရင်းဆေးပညာ​အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 18,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။