စာဖတ်ရှိန်မြင့်မားရေး Mobile Library စနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Feb 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာဆိုင်ရာဝန်ထမ်းများ၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာများ ပိုမိုပြည့်စုံကြွယ်ဝ စေပြီး အမှားအမှန် စဉ်းစားဆုံဖြတ်တတ်စေ၍ စာပေဖတ်ရှုလိုသည့်စိတ်များ ဖြစ်ပေါ်ရန်အတွက် စာဖတ်ရှိမြင့်မားရေး Mobile Library စနစ်ဖြင့် စာအုပ် ငှားရမ်းပေးခြင်းလုပ်ငန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၃)နာရီ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုသရေးဦးစီးဌာနများသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။