သတင်းများ

ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ နမ့်ဟူးတောင်းအပေါ်ရွာရှိ တရုတ်ဘုံကျောင်းတွင် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပ
Feb 18,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ-ပျဉ်းမနားမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံပျဉ်းမနား၌ ကျင်းပခဲ့သည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ-ပျဉ်းမနားမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံပျဉ်းမနား၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကံသုံးဆင့်ကျေးရွာအုပ်စု ကွင်းအမှတ် (၄၇၉) ကွင်းအမည်ရွာကုန်း-C ရှိ အသေးစားမွေးမြူရေးဇုန် အကောင် ထည်ဖော်လျာထားနေရာသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့် အဖွဲ့ဝင်များ အသေးစားမွေးမြူရေးဇုန် (ရွှေတောင်)ခရိုင် ကြီးကြပ်မှု ကော်မတီနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီး အကဲများမှ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Feb 18,2023
ဒေသခံတိုင်းရင်းသားမိဘပြည်သူများအနေဖြင့် နိုင်ငံရေး ပညာရေး ကျန်းမားရေး စီးပွားရေး လူမှုရေးနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာအုပ်စာစောင်များအား အမြဲတမ်းလေ့လာဖတ်ရှုပြီး စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များဖွဲ့စည်း၍ လစဉ်စာဖတ်ဝိုင်းများအား ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဖျာပုံခရိုင်ပြန်/ဆက်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Feb 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများလေ့လာနိုင်ရန်အတွက် ဖေဖော်ဝါရီလ(၁၈)ရက်နေ့နံနက်ပိုင်းအချိန်မှစတင်၍ပြသ    ဆောင်ရွက်ထားရှိသည်။
ငါ့သရောက်မြို့နယ်တွင် ထန်းတက်ရာသီချိန် ထန်းဆွဲမြူအိုးအမြာက်အများ လုပ်ကိုင်ရောင်းချနေရ
Feb 18,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ မစတင်မီအချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုးအမြောက်အများ ရောင်းချရခြင်း ဖြင့် အိုးလုပ်ငန်းလုပ်ကိုင်ရောင်းချရသူများအဆင်ပြေ နေကြကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်
Feb 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေရေးနှင့် စာပေမှတဆင့် အသိပညာ ဗဟုသုတတိုးပွားရရှိစေ‌ရန် ရည်ရွယ်၍ စာရေးဆရာ ကောင်းမြတ်ရေးသားသည့် “ ပွင့်သောပန်းတိုင်းမွှေးစေလို “စာအုပ်ဖြင့် ကျောင်းသားစာဖတ်ဝိုင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ပေးခဲ့သည်။
လင်းခေးတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားပြုလုပ်
Feb 18,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊‌ လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လေဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါခရိုင်ဦးစီးဌာနမှူး ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။