(၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများပြသ
Feb 18,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင် ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးအတွင်း နံရံကပ်ပြဘုတ်တို့တွင် (၁၈-၂-၂၃) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။