သတင်းများ

မိုးမောက်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာအသိပညာပေး  Talk  Show ဆောင်ရွက်
Feb 18,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမ၌ ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးလက်ကုန်ထုတ်လမ်းဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
စစ်တွေ တက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ
Feb 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ပူးပေါင်း၍ လူငယ်နည်းပညာ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်တွင် ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်မှ ပဲကြီးစိုက် တောင်သူများ ပဲပေါ်သည့်အချိန်တွင် ဈေးကောင်းရ၍ အဆင်ပြေ
Feb 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံ ပဲစိုက်တောင်သူများသည် ပဲကြီးများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြကြောင်း ရေပုတ်ကျေးရွာ ပဲစိုက်တောင်သူ ကိုသောင်းနိုင်ထံမှ သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၌ သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းတွင်   Aerobic &Fitness Dance သင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိ
Feb 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် သူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်းဖြင့် ပူးပေါင်းကာ Aerobic &Fitness Dance သင်တန်းကို အဆိုပါသူနာပြုနှီးနွယ်ကွင်းဆင်းလေ့ကျင့်ရေးကျောင်း ရတနာခန်းမ၌ယမန်နေ့ နံနက်ပိုင်းကသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော၂၀၂၃ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း 
Feb 18,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၇၃လမ်း၊ ၁၀၂ (A)x ၁၀၇ လမ်းကြား၊ Ocean Center ဝန်းအတွင်းရှိ ပရိုမိုးရှင်းဧရိယာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသော ၂၀၂၃ ခုနှစ် နှစ်ဦးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်၈နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ စျေး​ကြီးအတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး စစ်​ဆေးခြင်းနှင့် ပညာပေးခြင်းများဆောင်ရွက်
Feb 18,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးကြီး၌ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်းစစ်​ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Feb 18,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် လျှပ်စစ်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
မြို့နယ်အဆင့် အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်းဖွဲ့စည်း
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်းဖွဲ့စည်းခြင်းကို ယနေ့နံနက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။