သတင်းများ

ဆွမ်ပရာဘွမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Feb 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်
Feb 18,2023
နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ကာ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့နေ့လည်ပိုင်းမှစ၍ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြသလျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့တွင် ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုကလေးငယ်များအား အာဟာရဖြည့်မုန့်များ၊ ကော်ဖီထုပ်များလှူဒါန်း
Feb 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဘော်ဒါဆောင်နေ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုကလေးငယ်များအား အာဟာရဖြည့်မုန့်များ၊ ကော်ဖီထုပ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အဆိုပါဘော်ဒါ ဆောင်နှင့် မူကြိုကျောင်းများ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ဘုတ်ပြသ
Feb 18,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့နံနက်ပိုင်းကအများပြည်သူ  သိရှိလေ့လာနိုင်ရန်အတွက် ပြသ‌ ဆောင်ရွက်ခဲ့သည်။
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် ကွန်ပျူတာ A+ (Plus) သင်တန်းဖွင့်လှစ်
Feb 18,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန်အတွက် ကွန်ပျူတာ A+(Plus) သင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre)၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်သည်။
ကျေးလက်နှင့်မြို့ပြ ကွာဟမှုမရှိစေရေး ကျောက်ဆည်မြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးလက်နေပြည်သူများ တွေ့ဆုံဆွေးနွေး
Feb 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လူမှုဘဝများဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြကွာဟမှုမရှိစေရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ၂၀၂၂ ခု ဩဂုတ်(၁၉)ရက်နေ့မှ စတင်ပြီး ရက်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီခွဲက ဖျောက်ဆိပ်ပင်၊ ချောင်းဆုံ၊ ရေသရောက်၊ ရွာသစ်၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ကြက်သားဟင်း၊ ကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများ လူမှုဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Feb 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ခရိုင်အမျိုး သမီးရေးရာအဖွဲ့၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကို ယမန် နေ့ မွန်လွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
သာယာဝတီမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသ
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ များကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်ခင်းကျင်းပြသခဲ့သည်။