ကျိုက်ထို ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် နှင့်အထက် အခြေခံပညာမူလတန်းလွန်ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က နိုင်ငံသားတိုင်းနိုင်ငံသား စိစစ်ရေးကတ်ပြားများအား ရရှိကိုင်ဆောင်နိုင်ရန် မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေး က ယခုပြုလုပ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့မိသားစုဘဝအတွက် အရေးကြီးကြောင်း၊ သားစဉ်မြေးဆက်အသုံး ပြုသွားရမည်ဖြစ်ကြောင်း မိမိတို့ပညာသင်ကြားရာတွင်လည်းကောင်း၊ ပြည်တွင်းပြည်ပများ၌ အလုပ်လုပ်ကိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ဒါကြောင့် မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီးခဲ့သည်။၊
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီအောင်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ(၂၄၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြိုနယ်ပြန်/ဆက်