ကလော ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကျင်းပပြုလုပ် သည့်ကလောမြို့နယ်ရှိကျေးရွာများအတွက် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲက ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းထွန်းက လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များဖြည့်ပြင်ဆင်ခြင်းလုပ်ငန်း နှင့်ပတ်သက်၍ Power point ဖြင့်ရှင်းလင်းပြောကြားခဲ့ပြီးကလောမြို့နယ်အတွင်းရှိ ကျောက်ထပ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ လမိုင်းကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ နန်းနိုင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ငုံးသုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က မိမိတို့ကျေးရွာအတွင်း လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ကျေးရွာအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။ထို့နောက် ကလောမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကျောက်ထပ်ကျေးရွာအုပ်စု အိမ်ခြေ ၁၆ အိမ်၊နန်းနိုင်ကျေးရွာအုပ်စု အိမ်ခြေ ၉၈ အိမ်၊လမိုင်းကျေးရွာအုပ်စု အိမ်ခြေ ၁၀၄ အိမ်၊ငုံးသုံကျေးရွာအုပ်စု အိမ်ခြေ ၈၀ အိမ်၊စုစုပေါင်း အိမ်ခြေ ၂၉၈ အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် (၄၀၀၀၀)လေးသောင်းကျပ်နှုန်းဖြင့်လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)