မင်းဘူး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျော့နည်းမှုမဖြစ်ပေါ်စေရေးတို့အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် မင်းဘူး(စကု)မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား အပြည့်အဝသုံးစွဲနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်အတွင်း ရပ်ကွက်များမှ လမ်းမီးတိုင်များရှိ ကြွေသီးများနှင့် ၉၅ ကာဗာကြိုးများ အသစ်တပ်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြီးကြပ်၍ မီးကြိုးနှင့်မလွတ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကြွေသီးများ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ၉၅ ကာဗာ လိုင်းကြိုးအသစ်ဆွဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)