သတင်းများ

ဆီဆိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၂၇၄) ဦး စာရင်းပေးသွင်း
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်း သား/ ကျောင်းသူ (၂၇၄) ဦး စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၈ ရက်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲ အခမ်းအနားကျင်းပ
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်   မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ နိကာယ်တန်း၊ ပထမပြန်တန်းနှင့်ဘအဘိဓမ္မာ,ဝိသုဒ္ဓီမဂ် ယဉ်ကျေးမှုစာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က မှော်ဘီမြို့ ဓမ္မာရုံကျောင်း၌ ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ရေကြည်ခုနှစ်ပေါက်ရေကန် သန့်ရှင်းရေးဆောင်ရွက်ပေးနေ
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်လာရန်အတွက်
သိန္နီမြို့ World Vision ရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ World Vision ရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
နမ့်ခမ်းမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေးစံပြကျောင်း ဆုပေးပွဲအခမ်းအနားကျင်းပ
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ စီစဥ်ဆောင်ရွက်သည့်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း ကျန်းမာရေး စံပြကျောင်း ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက်  အဆင်ပြေစေမည့် ငှက်ကြီးသိုက်စံပြကျေးရွာပတ်လမ်းပြီးစီး
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြ ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာထိပ် မြေသားလမ်းဖို့ခြင်းနှင့် ကျေးရွာပတ်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားသောကြောင့် ကျေးရွာ၏အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက်ပါ အဆင်ပြေစေမည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
နမ္မတူတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုင်းတုံမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Mar 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်  အသက် ၈၅ နှစ်အထက်  ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အကျိုး ခံစားခွင့်ရှိသူများလက်ဝယ်အရောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် တာဝန် ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။